Powered By Blogger

Saturday, January 02, 2016

အချစ်

ကိုယ့်အတွက်ဘဝဟာမမြင်နိုင်တဲ့စွမ်းအားတွေနဲ့
သူလိုရာသရုပ်ဆောင်ခိုင်းတဲ့ဇာတ်ဆရာတစ်ယောက်လိုမျိုး
ကိုယ်မျှော်လင့်စောင့်စားခဲ့တဲ့ချစ်သူရောက်လာချိန်မှာ
ကိုယ်ဟာ .. ဘဝရဲ့အဓိပ္ပါယ်ကိုနားလည်လက်ခံလာမိတယ် ..

သူ့အတွက်အဆင်သင့်ဖြစ်အောင်တည်ဆောက်ထားတဲ့
အဖြူရောင်အိမ်လေးရဲ့ဖွင့်ထားတဲ့တံခါးရွက်တွေလည်းတရေးနိုး
ကိုယ့်ခေါင်းထက်ဟိုတချိန်ကဆံပင်ညိုတွေအိုမင်းလာချိန်မှာ
ကိုယ်ဟာ .. အချစ်ရဲ့အရောင်တွေကိုမြင်တတ်လာတယ် ..

Tuesday, December 08, 2015

တွေဆုံကြခြင်း

ဝမ်းနည်းခြင်းလေပြင်းတွေရဲ့ အညှာတာကင်းမဲ့တဲ့ ရိုက်ပုတ်သံတွေကြားမှာ ..
သံစဉ်မဲ့ဘဝအမောနဲ့ ယိမ်းယိုင်နဲ့နေပေမယ့် ညှင်သာစွာအသေချာပိတ်ကာ ..
အရောင်လွင့်ပြယ်နေတဲ့တံခါးချပ်နောက်ကွယ်ရဲ့ ကောင်မလေးရဲ့ညှိုးငယ်နေတဲ့မျက်နှာ ..
အလွမ်းရိပ်သန်းတဲ့ နာကျင်မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံမိချိန်မှာ ..
ဒုက္ခမိုးစက်တွေနဲ့ နွမ်းလျလျခရီးလမ်းခုလပ်ရဲ့ အေးခဲမတတ်ဖြစ်ကျန်ခဲ့ရတဲ့နှလုံးသားဟာ ..

ကောင်မလေးရဲ့ မှိုင်းပြပြမီးလင်းဖိုဘေးမှာ .. 
ခဏလောက်နားခိုပါရစေလို့ ခွင့်တောင်းမိလိုက်တယ် ..


အချိန်တွေကြာလာတော့လည်းဒီလိုနဲ့
ခွေးဖြူဖြူလေးတကောင်ကို အတူတူထိန်းကျောင်းရင်း ..
ငှက်ဖြူငှက်မဲနှစ်ကောင်ရဲ့
တေးဆိုသံတွေကို အတူတူနားထောင်ရင်း ..
ကောင်မလေးမျက်နှာပေါ်မှာပွင့်ဖူးလာတဲ့
အပြုံးပန်းပွင့်တွေကို သံယောစဉ်ကြိုးနဲ့သီကုံးရင်း ..
ရွှေလည်တိုင်ထက်ရှက်သွေးဖြာနေတဲ့
ကောင်မလေးကို ဆင်မြန်းပေးရင်း ..
သူ့အတွက်ရေးတဲ့ အချစ်သီချင်းတပုဒ်ကိုဆိုဖြစ်တယ် ..

ဖန်ဆင်းရှင်သို့

တရွေ့ရွေ့လွင့်မြောနေကြတဲ့
အထီးကျန်သံစဉ်တွေနဲ့ကျင့်သားရနေတဲ့ဘဝမှာ
မိန်းကလေးရဲ့အပြုံးပွင့်တွေနဲ့ဖန်ဆင်းပေးလိုက်တဲ့
မျှော်လင့်ခြင်းအိပ်မက်အသစ်တွေနဲ့အတူ
မပြီးဆုံးသေးတဲ့နွမ်းလျခြေလှမ်းနဲ့ခရီးလမ်းထက်မှာ
ရှင်သန်နေထိုင်ခြင်းတွေကိုအတူတူဖြတ်သန်းလို့
ကျွန်တော်သူ့ကိုပေးဖို့
 နှင်းဆီပန်းပွင့်နီနီလေးကိုဆုပ်ကိုင်ထားရင်း
ဒီကနေ့မှာတော့
ကျွန်တော့်ခံစားချက်တွေဖွင့်ပြောလိုက်တော့မယ်

Tuesday, May 19, 2015

တကယ်လို့များ

တကယ်လို့များ သူ့ကို တနေ့နေ့တချိန်ချိန်မှာ တွေ့ဆုံခွင့်ရခဲ့ရင်တော့ မပြောတော့ဘူးလို့ မျိုသိပ်ထားတဲ့ စကားလုံးတွေရယ် အရောင်ပျယ်လွင့်နေတဲ့ သီချင်းလေးတွေနဲ့ ဘဝမှာ မေ့ပျောက်လို့မရမယ့် နေ့လေးတနေ့တော့ ဖြစ်လာမှာပါ .. သူ့ကို ဘယ်လိုဘဝမျိုးမှာဖြစ်ဖြစ် ကျွန်တော် ခွင့်လွှတ်နားလည်နိုင်တဲ့ ကိုယ်ချင်းစာစိတ်တွေနဲ့ နှုတ်ဆတ်ပါ့မယ် .. ဘဝဆိုတာ စာရွက်အလွတ်တွေနဲ့ အသက်မဲ့နေတဲ့ စာအုပ်အသစ်စက်စက်မှ မဟုတ်တာ .. တကယ်တော့ စကားလုံးတွေ ဖျက်ရာတွေနဲ့ အသက်ဝင်နေတဲ့ ဒိုင်ယာရီစာအုပ်ပါ .. ခဏတာတွေ့ရမယ့် အချိန်လေးကို တန်ဖိုးထားပြီး မေ့ပျောက်လို့မရမယ့် ပုံရိပ်တွေအဖြစ်နဲ့ ကျန်ရစ်ခဲ့စေမှာပါ ..

တကယ်လို့များ သူနဲ့ကျွန်တော်ဟာ ကျောချင်းကပ်ပြီးတော့မှဝေးနေတဲ့ ဘဝရဲ့ဝင်္ကပါထဲမှာ လမ်းစပျောက်နေရင်တော့ မပြောတော့ဘူးလို့ မျိုသိပ်ထားတဲ့ စကားလုံးတွေရယ် အရောင်ပျယ်လွင့်နေတဲ့ သီချင်းလေးတွေကို တခါတလေတိုက်ဆိုင်လာတတ်တဲ့ လွမ်းဆွေးနေမယ့်နေ့တွေမှာ အမှတ်တရထုတ်ကြည့်နေမိမှာပါ .. သူ့ကို ဘယ်လိုနေရာမှာဖြစ်ဖြစ် ကျွန်တော် ခွင့်လွှတ်နားလည်နိုင်တဲ့ ကိုယ်ချင်းစာစိတ်တွေနဲ့ အဝေးကနေ မှန်းဆကြည့်နေပါ့မယ် .. ဘဝဆိုတာ ဂန္တဝင်ဝတ္ထုတွေလိုမှ ဇာတ်လမ်းအနိမ့်အမြင့်အတက်အကျနဲ့ စိတ်လှုပ်ရှားစရာမှ မဟုတ်တာ .. တကယ်တော့ ကျွန်တော့်ရဲ့ ဝင်သက်ထွက်သက်တွေရဲ့စည်းချက်တွေမှာ သူဟာအနီးဆုံးမှာရှိနေတယ်လို့ ခံစားနေဦးမှာပါ .. တသက်တာ စောင့်ဆိုင်းနေတာမဟုတ်ပေမယ့် သူပြန်လာမယ့်အချိန်တွေရဲ့ပုံရိပ်တွေ ကျွန်တော့်ရဲ့ အသက်ရှင်ချိန်တွေနဲ့အတူ ရှင်သန်နေမှာပါ ..

Thursday, May 07, 2015

မိုးတွေသည်းတဲ့ညကအိပ်မက်တယ် ..

မိုးတွေသည်းတဲ့ညကအိပ်မက်တယ် ..
ဟိုးအဝေးတနေရာကငါဟာ
ဒီကနေ့ရဲ့ငါ့ဆီကိုအလည်ရောက်ခဲ့တယ် ..
ငိုကြွေးနေတဲ့အဖြစ်ကိုကြည့်ပြီးသူက
ငါ့ကိုနှစ်သိမ့်နေတယ် ..
ဘဝဆိုတာဒီလိုပဲလို့   
သူ့အဖြစ်ကိုပြန်ပြောပြတယ် ..

အနှစ်နှစ်ဆယ်ကျော်ဘဝခရီးမှာ
အမေထွက်ခွါသွားတဲ့နောက်မယ်
အချစ်ဆိုတာကိုအရူးတစ်ယောက်လို
ရှာဖွေရင်းလမ်းပျောက်ကွယ်
ထမင်းချိုင့်ကိုလက်တစ်ဖက်နဲ့ဆွဲကိုင်ကာ
လိုင်းကားတွယ်စီးရင်းကျောင်းတတ်ခဲ့နေ့တွေရယ်
အသဲတွေအကြိမ်ကြိမ်ကွဲရင်း
အနာဂတ်ကိုငိုသံတွေအဖြစ်ကြည့်မိတယ် ..

မိုးတွေသည်းတဲ့ညကအိပ်မက်တယ် ..
ဟိုးအဝေးတနေရာကငါဟာ
ဒီကနေ့ရဲ့ငါ့ဆီကိုအလည်ရောက်ခဲ့တယ် ..
ငိုကြွေးနေတဲ့အဖြစ်ကိုကြည့်ပြီးသူက
ငါ့ကိုနှစ်သိမ့်နေတယ် ..
ဘဝဆိုတာဒီလိုပဲလို့   
သူ့အဖြစ်ကိုပြန်ပြောပြတယ် ..

အိမ်နောက်ဖေးကထိုင်ခုံလေးပေါ်မှာ
ဂစ်တာတစ်လက်နဲ့ညသန်းခေါင်ယံတွေရယ်
လတ်ဆတ်တဲ့မျက်ရည်စကားလုံးတွေကို
သံစဉ်ကြိုးနဲ့သီပြီးငိုခဲ့ဖူးတယ်
လွဲမှားတဲ့စာမျက်နှာဟောင်းတွေလို
စာအုပ်စင်ပေါ်မှာဖုန်တလုံးလုံးတတ်ကာကျန်ရစ်ခဲ့မယ်
လက်ရှိဘဝကိုရုန်းထွက်ဖို့ကြိုးစာရင်း
နောင်လာမယ့်ဆယ်စုနှစ်တွေကိုမှန်းမျှော်ကြည့်မိတယ် ..

မိုးတွေသည်းတဲ့ညကအိပ်မက်တယ် ..
ဟိုးအဝေးတနေရာကငါဟာ
ဒီကနေ့ရဲ့ငါ့ဆီကိုအလည်ရောက်ခဲ့တယ် ..
ငိုကြွေးနေတဲ့အဖြစ်ကိုကြည့်ပြီးသူက
ငါ့ကိုနှစ်သိမ့်နေတယ် ..
ဘဝဆိုတာဒီလိုပဲလို့   
သူ့အဖြစ်ကိုပြန်ပြောပြတယ် ..

ချစ်ခြင်းတရားကိုမျိုသိပ်ကာ
နာကျည်းသိမ်ငယ်စိတ်တွေပြည့်ကျပ်နေတဲ့နေ့တွေရယ်
ဒဏ်ရာတွေဖြေသိမ့်စရာမဲ့တဲ့ဘဝမှာ
သီချင်းလေးတွေမွေးဖွားကာကုစားခဲ့တယ်
အရာရာတိုင်းမှာချို့တဲ့နေ့ရက်တွေဟာ
မာနတရားနဲ့ခါးသီးမှုတွေမွေးဖွားကာရယ်
ဘဝဆိုတာကိုဖြတ်သန်းရင်း
မရိုးနိုင်တဲ့အိပ်မက်တွေနဲ့အရှေ့ကိုမှန်းမျှော်ကြည့်မိတယ် .. 

မိုးတွေသည်းတဲ့ညကအိပ်မက်တယ် ..
ဟိုးအဝေးတနေရာကငါဟာ
ဒီကနေ့ရဲ့ငါ့ဆီကိုအလည်ရောက်ခဲ့တယ် ..
ငိုကြွေးနေတဲ့အဖြစ်ကိုကြည့်ပြီးသူက
ငါ့ကိုနှစ်သိမ့်နေတယ် .. 
ဘဝဆိုတာဒီလိုပဲလို့   
သူ့အဖြစ်ကိုပြန်ပြောပြတယ် ..

ဆယ်နှစ်ဆယ်ကျော်ဘဝခရီးမှာ
ငယ်ရွယ်နုနယ်မှုတွေထွက်ခွါသွားတဲ့နောက်မယ်
အချစ်ဆိုတာကိုအရူးတစ်ယောက်လို
ရှာဖွေဖို့မေ့လျော့နေခဲ့ပေါ့ကွယ်
နေ့လည်တွေမှာအသက်မဲ့ထမင်းနဲ့ကုန်လွန်ကာ
ကျွန်းပတ်ရထားစီးရင်းအလုပ်သွားခဲ့နေ့တွေရယ်
ခံစားချက်မဲ့ဖုတ်ကောင်လိုရက်လတွေကုန်လွန်ရင်း
အတိတ်ကငါ့ဆီကိုပြန်ကြည့်မိတယ် ..

မိုးတွေသည်းတဲ့ညကအိပ်မက်တယ် ..
ဟိုးအဝေးတနေရာကငါဟာ
ဒီကနေ့ရဲ့ငါ့ဆီကိုအလည်ရောက်ခဲ့တယ် ..
ငိုကြွေးနေတဲ့အဖြစ်ကိုကြည့်ပြီးသူက
ငါ့ကိုနှစ်သိမ့်နေတယ် ..
ဘဝဆိုတာဒီလိုပဲလို့   
သူ့အဖြစ်ကိုပြန်ပြောပြတယ် ..

နားကြပ်ကသီချင်းတွေနှလုံးသားပေါ်မှာ
ငိုသံမဲ့မနက်ခင်းတိုင်းရဲ့ကိုယ့်ဘဝပုံရိပ်တွေရယ်
လတ်ဆတ်တဲ့မျက်ရည်စကားလုံးတွေကို
ကဗျာကြိုးနဲ့သီပြီးငိုနေမိတယ်
လွဲမှားတဲ့စာမျက်နှာအသစ်တွေလို
စာအုပ်စင်ပေါ်မှာအစီရီနဲ့နေရာချပေးရဦးမယ်
လက်ရှိဘဝမှာရုန်းကန်ကြိုးစာရင်း
ကျန်ခဲ့တဲ့ဆယ်စုနှစ်တွေကိုပြန်ပြောင်းကြည့်မိတယ် ..

မိုးတွေသည်းတဲ့ညကအိပ်မက်တယ် ..
ဟိုးအဝေးတနေရာကငါဟာ
ဒီကနေ့ရဲ့ငါ့ဆီကိုအလည်ရောက်ခဲ့တယ် ..
ငိုကြွေးနေတဲ့အဖြစ်ကိုကြည့်ပြီးသူက
ငါ့ကိုနှစ်သိမ့်နေတယ် ..
ဘဝဆိုတာဒီလိုပဲလို့   
သူ့အဖြစ်ကိုပြန်ပြောပြတယ် ..

ချစ်ခြင်းတရားကိုသူသိအောင်ပြသကာ
တစ်ကြိမ်ပြန်လည်လာတဲ့နာကျည်းစရာနေ့တွေရယ်
ဒဏ်ရာတွေတသက်စာလုံလောက်တဲ့ဘဝမှာ
ကဗျာလေးတွေမွေးဖွားကာကုစားနေတယ်
လူတန်းစေ့ရှင်သန်ခွင့်ရတဲ့နေ့ရက်တွေဟာ
မာနတရားနဲ့ခါးသီးမှုတွေအရွယ်ရောက်ကာရယ်
ဘဝဆိုတာကိုဒီလိုပဲခံယူရင်း
မရိုးနိုင်တဲ့ဒဏ်ရာတွေနဲ့အတိတ်ကငါ့ကိုအားပေးမိတယ် ..

မိုးတွေသည်းတဲ့ညကအိပ်မက်တယ် ..
ဟိုးအဝေးတနေရာကငါဟာ
ဒီကနေ့ရဲ့ငါ့ဆီကိုအလည်ရောက်ခဲ့တယ် ..
ငိုကြွေးနေတဲ့အဖြစ်ကိုကြည့်ပြီးသူက
ငါ့ကိုနှစ်သိမ့်နေတယ် ..
ဘဝဆိုတာဒီလိုပဲလို့   
သူ့အဖြစ်ကိုပြန်ပြောပြတယ် ..

Wednesday, December 18, 2013

Mirror In The Dark

Dreaming of warmest true reflection from your heart
While I was looking through mirror in the dark ..
Waging the fight for immortality and time kept drift on and on
There were the days when waxing Moon was rising over my horizon ..

Right before the mirror in sunny day, every one feels and sees look alike of themselves ..
They get what the law of nature revealing about action and reaction ..
But for me, silent and gloomy world is what I see from mirror in the dark night ..
And I keep hoping that one day it may reflect some empathy of how one stands love hurts ..
All my tears and heartache from mirror in the dark slowly turn into lyrics
And just like an endless sad song playing over my guitar with this dying broken heart ..



Holding of coldest lifeless silent from your heart
While I am looking through mirror in the dark ..
Loosing the fight for immortality and time still keeps drift on and on
There are the days when full Moon is culminating over my horizon ..

Right before the mirror in sunny day, every one feels and sees look alike ..
They get what the law of nature revealing about action and reaction is right ..
But for me, silent and gloomy world is what I see from mirror in the dark night ..
And I keep hoping that one day it may reflect some empathy of how one stands painful life ..
All my tears and heartache from mirror in the dark slowly drifting into parts ..
And just like an endless sad song playing over my guitar with this dying broken heart ..



Fading of long lost singing from your heart
While I am looking through mirror in the dark ..
Dying to fight for immortality and time will keep drift on and on
There will be the days when waning Moon will setting over my horizon ..

Right before the mirror in sunny day, every one feels and sees look alike ..
They get what the law of nature revealing about action and reaction is right ..
But for me, silent and gloomy world is what I see from mirror in the dark night ..
And I keep hoping that one day it may reflect some empathy of how one stands painful life ..
All my tears and heartache from mirror in the dark slowly drifting into parts ..
And just like an endless sad song playing over my guitar with this dying broken heart ..




(I do believe that I will be feeling this same old heartache again when all the dust settles in 18/12/2014 and I will move on to more painful road ahead with never ending darkness which waiting for me. Only thing is I will try my best to accept those hard truths and finish this reaping times of whatever things I sow from my past. I do have to kill this cyclical seeds as many as possible to avoid reaping from nothing. Eventually this is life. So try to live with it and knowing the limit of what I can do and what I cannot change is the meaning of life.)

Sunday, August 26, 2012

သင်းကွဲဆယ်လ်မွန်


မပြောင်းမလဲဖန်တရာထပ်နေတဲ့မွေးရပ်ရေပြင်ငယ်ကို
စူးစမ်းရှာဖွေမယ့်မျှော်လင့်ချက်တွေနဲ့စွန့်ခွာရင်း
ရေစုန်ကိုအများနည်းတူစီးချက်ကျမျောလွင့်ကခုန်ပြီး
ဆန်းပြားတဲ့ပင်လယ်ပြင်ရဲ့ရောင်စုံပန်းချီကားချပ်ကို
ကာရံမဲ့စုပ်ချက်တွေနဲ့စိတ္တဇဆန်ဆန်ပုံဖော်ခဲ့လေရဲ့
ပြီးတော့ ..
အဖြူရောင်အိပ်မက်တွေအရောင်လွင့်ခဲ့တယ်

အပြောင်းအလဲတွေနဲ့ခြေကုန်လက်ပမ်းကျပင်လယ်ကြီးကို
အပေါင်းဖော်ဟောင်းတွေစိတ်ဓာတ်ကျလှည့်ပြန်ခွာရင်း
ရေဆန်ကိုငိုရိုက်သံတွေနဲ့အရှုးံမပေးကူးခတ်တိုက်ပွဲဝင်ပြီး
ရိုးစင်းတဲ့မွေးရပ်မြေရဲ့နောက်ဆုံးရောင်စုံဆည်းဆာကို
သံစဉ်မဲ့ကူးခတ်တိုက်ပွဲဝင်ရင်းလမ်းပျောက်ခဲ့လေရဲ့
နောက်တော့ ..
အိပ်မက်တွေကိုပြန်လည်လျှော်ဖွတ်ကျပြန်တယ်

Wednesday, November 09, 2011

ကောင်းကင်ထက်က ဗြိစ္ဆာကြယ်စင်တစ်စု

အေးစက်တဲ့ဆောင်းရာသီအဝင်ညရဲ့တံခါးဘေးမှာ
ထူးခြားတဲ့စရိုက်နဲ့လှပတဲ့အဖြူရောင်နှလုံးသားရှိတယ် ..
အစွန်းနှစ်ဖက်ရဲ့အလွန်မှာရှင်သန်ရုန်းကန်ကာ
ကမ္ဘာမြေကိုအဆိပ်မဲ့တဲ့အိပ်မက်နဲ့အလှဆင်ကြတယ် ..


လာခြင်းကောင်းတဲ့ဘဝလက်ဆောင်နေ့ရက်တွေမှာ
ရိုးရိုးလေးပဲဘဝကိုဖြတ်သန်းရင်းလောကကိုအလှဆင်ကြတယ် ..
လာခြင်းမကောင်းတဲ့ခါးသည်းတဲ့ဘဝရဲ့လှည့်ကွက်ထဲမှာ
ခေါင်းမာပြီးနားလည်ရခက်တဲ့စရိုက်နဲ့လူတွေကိုအလှမပျက်စေတယ် ..


ဖြစ်ပြီးရင်ပျက်ရတဲ့လူ့ဘဝရဲ့မရိုးနိုင်တဲ့ပြန်လည်မွေးဖွားခြင်းမှာ
ငါဟာဒီလိုလှပတဲ့ဗြိစ္ဆာရာသီရောက်ရင်နောက်တစ်ခေါက်ပြန်လာဦးမယ် ..



Tuesday, September 28, 2010

:l

တစ်ဖွဲဖွဲမိုးစက်တွေနဲ့အတူကိုယ့်ဘဝကိုပြန်ကြည့်မိတယ်
လှေငယ်တစ်စီးနဲ့ရသစုံအတိတ်နေ့ရက်များစွာကို
တစ်ခါတစ်ရံမှာ  ငြိမ်းချမ်းစွာနဲ့ကမ်းစပ်ကိုလှော်ခပ်ခဲ့တယ်
တစ်ခါတစ်ရံမှာ  နာကြည်းဖွယ်အတွေ့အကြုံနဲ့အဆုံးမဲ့နေရာကိုလှော်ခပ်ခဲ့တယ်
တစ်ခါတစ်ရံမှာ  အနိုင်ကျင့်ခံခဲ့ရတဲ့အိပ်မက်များနဲ့လာရာလမ်းကိုပြန်လှော်ခပ်ခဲ့တယ်
ဒါပေမဲ့အခုချိန်ထိကမ်းစပ်တွေကို  ရူးသွပ်နေဆဲ မိုက်မဲနေဆဲ ..

ကိုယ့်ဘဝရဲ့နေ့တွေကိုလှော်ခပ်ရင်းနဲ့အတူဇာတ်ပေါင်းခန်းမရောက်မှီပျောက်ဆုံးခဲ့တယ်
မုန်တိုင်းနဲ့အတူပင်လယ်ပြင်မှာအဆုံးသတ်ရမယ့်အဖြစ်လို
တစ်ချိန်ချိန်မှာ  ငြိမ်းချမ်းစွာနဲ့ခရီးလမ်းဆုံးကိုမျှော်လင့်မိတယ်
တစ်ချိန်ချိန်မှာ  နာကြည်းဖွယ်အတွေ့အကြုံနဲ့ရေစုံမှာမျောမိမယ်
တစ်ချိန်ချိန်မှာ  အနိုင်ကျင့်ခံခဲ့ရတဲ့အိပ်မက်များနဲ့ရေလည်မှာတိမ်းမှောက်လိမ့်မယ်
ဒါပေမဲ့အခုချိန်ထိကမ်းစပ်တွေကို  ရူးသွပ်နေဆဲ မိုက်မဲနေဆဲ ..

ဘဝဆိုတာကိုဖြတ်သန်းခြင်းနဲ့အတူဆံပင်တွေအရောင်ပြောင်းလာတယ်
အမှတ်သည်းခြေမရှိတဲ့ကမ်းစပ်တွေကိုငေးမောရင်းနဲ့ငို
အခုချိန်မှာ  ငြိမ်းချမ်းစွာနဲ့မနက်ဖြန်တွေမျှော်လင့်လို့ကောင်းနေတယ်
အခုချိန်မှာ  နာကြည်းဖွယ်အတွေ့အကြုံနဲ့အရေခွံတွေပိုထူလာတယ်
အခုချိန်မှာ  အနိုင်ကျင့်ခံခဲ့ရတဲ့အိပ်မက်များနဲ့ဘယ်ဆီမှန်းမသိလှော်ခပ်နေတယ်
ဒါပေမဲ့အခုချိန်ထိကမ်းစပ်တွေကို  ရူးသွပ်နေဆဲ မိုက်မဲနေဆဲ ..

Wednesday, September 15, 2010

:'(

မပြောင်းမလဲအညှာတာမဲ့တဲ့  ဒုက္ခမိုးစက်တွေထဲမှာ ..
သူများတွေလမ်းတာမြင်တိုင်းငါ့မှာ  နင့်မျက်နှာပုံဖော်မိပေါ့အခါခါ ..
ဘယ်ဆီဘယ်ဝယ်မှန်းဆနေ့များစွာ  နှလုံးသားပေါ်ကလွင့်ပြယ်စဆေးမင်ကြောင်ရုပ်မှာ ..
လွမ်းတဲ့စိတ်နဲ့ရူးနေရဦးမယ်ဆိုတဲ့စကားဟာ  ဓာတ်ပြားဟောင်းတစ်ချပ်ရယ်ပါ ..
နင့်ကိုတွေ့ရနိုးနိုးရပ်စောင့်နေတဲ့  ဒုက္ခမိုးစက်တွေထဲကငါ့မျက်နှာ ..
မိုးစက်လားမျက်ရည်တွေလားဆိုတာ  အဲဒီမှာငိုဖူးသူမှနားလည်မှာပါ ..