Powered By Blogger

Saturday, January 02, 2016

အချစ်

ကိုယ့်အတွက်ဘဝဟာမမြင်နိုင်တဲ့စွမ်းအားတွေနဲ့
သူလိုရာသရုပ်ဆောင်ခိုင်းတဲ့ဇာတ်ဆရာတစ်ယောက်လိုမျိုး
ကိုယ်မျှော်လင့်စောင့်စားခဲ့တဲ့ချစ်သူရောက်လာချိန်မှာ
ကိုယ်ဟာ .. ဘဝရဲ့အဓိပ္ပါယ်ကိုနားလည်လက်ခံလာမိတယ် ..

သူ့အတွက်အဆင်သင့်ဖြစ်အောင်တည်ဆောက်ထားတဲ့
အဖြူရောင်အိမ်လေးရဲ့ဖွင့်ထားတဲ့တံခါးရွက်တွေလည်းတရေးနိုး
ကိုယ့်ခေါင်းထက်ဟိုတချိန်ကဆံပင်ညိုတွေအိုမင်းလာချိန်မှာ
ကိုယ်ဟာ .. အချစ်ရဲ့အရောင်တွေကိုမြင်တတ်လာတယ် ..